ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ...လွမ်းဦးမောင် ( မြောင်းမြ ).
ကျွှန်တော်လွမ်းဦးမောင်(မြောင်းမြ)သားလေးပို့စ်တွေတင်ပေးတာနောက်ကျနေလျှင်သော်၎င်းဘလော့မှာupdateမဖြစ်ခဲ့ရင်သော်၎င်းနားလည်ပေးစေချင်ပါတယ်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီဖြစ်လို့အွန်လိုင်းထိုင်ရန်အခက်အခဲရှိနေမှာမို့ပြီးတော့နက်ကလည်းစိတ်တိုင်းမကျလို့မန်ဘာများနှင့်လာလည်ကြသူများအားလုံးကိုရင်ဘတ်ကြီးနဲ့တောင်းပန်ပါတယ်.လွမ်းဦးမောင် ( မြောင်းမြ ).

Thursday, 15 August 2013

Sony Xperia J (Version 4.1.2 build-11.2.A.0.31) Root လုပ်နည်း

လွမ်းဦးမောင်(မြောင်းမြ) | 18:53 | Best Blogger Tips


မင်္ဂလာပါ Sony Xperia J (Version 4.1.2  build-11.2.A.0.31) Root လုပ်နည်းလေး ကိုရေးပေးသွားမှာဖြစ်ပါတယ်။ Root tool တော်တော်များများနဲ့ လုပ်ကြည့်ပြီးပါပြီ လုံးဝအဆင်မပြေပါဘူး
နောက်ဆုံး ဒီနည်းလမ်းလေးနဲ့ အဆင်ပြေသွားတာပါ.တစ်ခုတော့ကြိုပြောပါရစေ ကျွန်တော်သည် ပညာရှင်မဟုတ်ပါ မိမိတွေ့ရှိအဆင်ပြေခဲ့တဲ့ နည်းလမ်းလေးဖြစ်တဲ့အတွက် ကျန်တဲ့သူတွေလည်းအဆင်ပြေအောင်လို့ ပြန်လည်မျှဝေလိုက်တာပါ။ လုပ်ချင်တယ်ဆိုရင်တော့ လိုအပ်တာများကို အောက်မှာ အရင်ဒေါင်းလိုက်ပါ


လိုအပ်တာတွေဒေါင်းပြီးပြီဆိုရင် စလိုက်ရအောင်ဗျာ။ အရင်ဆုံးဖုန်းထဲက အရေးကြီးတာတွေကို buckup လုပ်ထားပါ။ Flash tool ကို install လုပ်ထားပါ။ ပြီးရင် boot.img နဲ့ Kernel.sin ကို copy ကူးပြီးတော့ Mycomputer>> Local disk C >> Flashtool >> Firmwares Folder ထဲမှာထည့်ထားပါ.
  1. အရင်ဆုံးဖုန်းကို Boot loader unlock အရင်လုပ်ထားရပါမယ် http://unlockbootloader.sonymobile.com/instructions မှာ မိမိဖုန်းရဲ့ IMEI ကို ထည့်ပြီးတော့ Unlock code တောင်းလိုက်ပါ.ပြီးရင် မှတ်ထားပေါ့နော်.။ ပြီးရင် ဖုန်းမှာ USB debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ခဲ့ပါ။ Flashtool ကိုဖွင့်ပါ. Volume Down ခလုတ်ကိုနှိပ်ပြီးတော့ ဖုန်းကို ကွန်ပျူတာနဲ့တပ်ဆင်ပါ.ပြီးရင် Flashtool မှ BLU ကိုနှိပ်ပြီးတော့ တစ်ဆင့်ခြင်းသွားလိုက်ပါ unlock code တောင်းတဲ့ box ကလေးကျလာရင် စောစောက မှတ်ထားတဲ့ unlock code ကိုထည့်ပေးလိုက်ပါ. ပြီးရင် ဖုန်း reboot ကျသွားပြီးတော့ bootloader Unlock လုပ်ခြင်းပြီးသွားပါလိမ့်မယ်။
  2. ဖုန်း setting မှာသွားပြီးတော့ Unknown Sources နဲ့ USB debugging ကို ON ခဲ့ပါ။ ပြီးရင်ဖုန်းကို ကွန်ပျူတာနဲ့တပ်လိုက်ပါ. Memory card ထဲကို root_xperia_signed.zip ဖိုင်လေးကိုအရင်ထည့်ထားလိုက်ပါ
  3. Flash Tool ကို ဖွင့်လိုက်ပါ. ပြီးရင်ဖုန်းကို ပါဝါပိတ်ပါ။ Volume up ခလုတ်ကိုနှိပ်ပြီးတော့ usb ကြိုးတပ်လိုက်ပါ LED မီးအပြာလေးလင်းလာရင် fastboot mode နဲ့ချိတ်လို့ပြီးပါပြီ။ Flshtool မှာရှိတဲ့ logo အတွန့်လေးကို နှိပ် ပြီးရင် Fastboot mode ဆိုတာကိုရွေးပြီးတော့ပေးလိုက်ပါ။ fastboot tool box လေးကျလာပါလိမ့်မယ် အထဲက ညာဘက်အခြမ်းမှာရှိတဲ့ Select kernal to flash ဆိုလေးကိုနှိပ်ပြီးတော့  Local disk C >> Flashtool >> Firmwares Folder ထဲက boot.img ကိုရွေးပေးလိုက်ပါ flash tool က flash လုပ်နေပါလိမ့်မယ်ပြီးရင် ဘက်ထရီဖြုတ်ပါ။   
  4. ဖုန်းကို ပါဝါဖွင့်ပါ ဖုန်းရဲ့အောက်ခြေမှ မီးပြာလေးလင်းလာရင် Volume ဒေါင်းကို နှစ်ချက် သုံးချက်လော့ နှိပ်ပေးလိုက်ပါ Revovery mode သို့ရောက်သွားပါလိမ့်။ Recovery mode မှ Root_Xperia_signed zip ကိုရွေးပြီးတော့ install လုပ်ပေးလိုက်ပါ... ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ပါ။ ဖုန်းကတော့ ပြန်တက်လာမှာ မဟုတ်သေးပါဘူး။ 
  5. ပြီးသွားရင်တော့  ကွန်ပျူတာမှာ flashtool ကိုဖွင့်ပါ ဖုန်းကို fastboot အနေနဲ့ ကွန်ပျုတာမှာတပ်လိုက်ပါ. fastboot အနေနဲ့ဆိုတာ Volume up ကိုနှိပ်ပြီးတော့ တပ်ခိုင်းတာပါ ဖုန်းမှာ မီးအပြာလေးလင်းလာပြီဆိုရင် Flashtool မှ logo ကိုနှိပ်ပြီးတော့ fastboot ကိုရွေးပြီးတော့ အပေါ်မှာ flash လုပ်ခဲ့သလို select kernel to flash နှိပ်ပြီးတော့ kernel.sin ဆိုတာကိုရွေးပေးလိုက်ပါ။ ပြီးတာဖုန်းကို reboot လုပ်ပေးလိုက်ပါ.ဖုန်းပြန်တက်လာတာနဲ့ သင်တို့ရဲ့ဖုန်းမှာ Super user လေးပါလာတာကိုတွေ့ရပါလိမ့်မယ်
အဆင်ပြေပါစေဗျာ
လွမ်းဦးမောင်(မြောင်းမြသားလေး)ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့အမျှကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
http://api.ning.com/files/EStU9m1jKkef2MrcZjY2HTLtUjAwdns5sRLJcoSGfA-XyaaLiqZVRWXq1V3V5*4SO25M2xAug*h0RAiN5QQy0lrBuUWyy4BD/nayzawlin1.gif
ဝါသနာအရ Blogs နည်းပညာလေးတွေ လေ့လာနေဆဲပါ။ ♥ဆက်သွယ်လိုပါက venuslove74@gmail.com မှာ ရှိနေတတ်ပါတယ်။ ♥ ကျနော့်ရဲ့ ဆိုဒ်လေးအား ခုလိုလာရောက်အားပေးတဲ့အတွက် အထူးဘဲကျေးဇူးတင်ရှိပါကြောင်း- မျှဝေသူ++လွမ်းဦးမောင် (မြောင်းမြ)++